ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို အသိပေးကြေငြာခြင်း

သာစည်ပင်မဓာတ်အား ခွဲရုံရှိ 132/33/11kV, 30 MVA Transformer ၏ 33kV Main Bus အား ၂၆-၃-၂၀၂၀ ရက်နေ့၊ ကြာသပတေးနေ့၊ နံနက် (၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီအထိ ဓာတ်အားပိတ်ခွင့်ရရှိရေး လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာနသို့ ညှိနှိုင်းအကြောင်းကြားထားရှိပါကြောင်းနှင့်  အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

 

        (က) 33kV Switch Bay (အသစ်)ကို 33kV Main Bus တွင် Connection ပြုလုပ်ခြင်းနှင့်

                 Line   Connection   ပြုလုပ်ခြင်း၊  (လုပ်ငန်းဆောင်ရွက်ပြီးပါက ကျန်ဖီဒါများအား

                 ဓာတ်အား ပုံမှန်ပေးထားပါမည်။)

        ( ခ) 33kV သာစည်-ဖလံကျင်း(တပ်ပိုင်)လိုင်းကို Cable ပြောင်းလဲတပ်ဆင်ခြင်း၊

        ( ဂ)   33kV ဓာတ်အားလိုင်းများ Connection များ ပြောင်းလဲချိတ်ဆက်ခြင်း၊

                 (မိတ္ထီလာမြို့နယ် ညောင်မြင့်လေးတိုင်စင်၊ မိတ္ထီလာနှင့်ပျော်ဘွယ်မြို့နယ် နယ်စပ်)

၇။     ဓာတ်အားပြတ်ဧရိယာမှာ  သာစည်မြို့နယ်နှင့်  ပျော်ဘွယ်မြို့နယ်  မြို့ပေါ်ရပ်ကွက်များ၊  ဌာန ဆိုင်ရာများ၊ ကျေးရွာများနှင့် ရန်အောင်မြို့ အများပြည်သူများ၊ ပလစ(၃)တပ်၊ တပ်မတော်ချည်စက်လူနေဝင်း၊  တကစ(၁)၊  အမတ(၅၀၄)၊   မ.သ.ကတပ် တို့ဖြစ်ပါကြောင်းနှင့် ဓာတ်အားပိတ်၍  လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။