မြင်းခြံခရိုင် အတွင်းရှိ မီးသုံးသူပြည်သူများသို့ ပန်ကြားချက်

တစ်ချို့မီးသုံးသူတွေကတော့ လျှပ်စစ်မီးတွေက ကျနော်တို့ ခရိုင်/မြို့နယ် ရဲ့လက်ထဲမှာရှိပြီး ဖွင့်/ပိတ် လုပ်လို့ရတယ်လို့ထားပေါ့ အမှန်တော့ လျှပ်စစ်က ၀န်ထမ်း(ရာထူး ကြီး/ငယ်)မှန်သမျှ ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ်ပိတ်ခွင့် မရှိပါဘူး ခရိုင်/မြို့နယ်တွေ ကိုယ်တိုင်ကလည်း ဘယ်မီးမှ ကိုယ့်သဘောကိုယ် ဖွင့်/ပိတ် မလုပ်ကြပါဘူး ခရိုင်မြို့နယ်ဆိုတာက မြို့တွင်းဖြန့်ဖြူးထားတဲ့ ၁၁ ကေဗွီ လိုင်း နဲ့ ၄၀၀ ဗို့လိုင်းတွေကိုပဲ လိုအပ်ချက်အရ ဖွင့်/ပိတ် လုပ်ခွင့်ရှိတာပါ (ခုဆို ထွေအုပ် ဆေးရုံ ထောင် တက္ကသိုလ် နဲ့ ကျန်တော်တို့ရုံးတွေ အပါ ၂၄ နာရီ မပေးနိုင်ပါဘူး) ၃၃ ကေဗွီ လိုင်းအထက် ပိတ်ချင်ရင် တစ်ပတ်ကြိုတင် ရတင်ရပါတယ် အရေးပေါ်ပိတ်ချင်ရင်တောင် သက်ဆိုင်ရာ ပင်မခွဲရုံနဲ့ ရုံးချုပ်ရဲ့ ခွင့်ပြုမိန့််နဲ့မှ ပိတ်ရတာပါ ခုချိန်မှာလည်း ကျန်တော်တို့က အလှည့်ကျပေးလိုက် ရန်ကုန်   LDC ကဖြတ်လိုက်ဆိုတော့ မီးပေးချိန်တွေက မမှန် ရတဲ့အချိန် ထပ်သလို ပိတ်တဲ့အချိန်လည်းထပ်ပြန်ရော ဆိုတော့ ABCD နဲ့ မပေးဘူးလား ဘယ်လိုပုံစံနဲ့ပေးတာလည်း စသဖြင့်ပေါ့ အမှန်တော့ ကျွန်တော်တို့ကလဲ ညွှန်ကြားချက်နဲ့ အညီ အကောင်းဆုံး လုပ်ကြတာပါ အတတ်နိုင်ဆုံးတော့ နေ့အချိန် အနဲဆုံးပိတ် ညအချိန်ပြည့်ပေး ပေါ့ အဲ့လိုလုပ်ရင်းနဲ့ တစ်ခါတစ်လေကျ LDC က ပိတ်တော့ နေ့ပိတ်/ညပိတ် ဖြစ်သွားတဲ့နေရာတွေလည်း ရှိပြန်ရော LDC ကလည်း တစ်နိုင်ငံလုံးအတွက်System Stable ဖြစ်အောင် ထိန်းညှိလုပ်နေတာပါ မလုပ်ရင်လည်း တစ်နိုင်ငံလုံး ပြတ်သွားမှာကိုး အဲ့ဒါကြောင့် လိုအပ်တဲ့အချိန်များတွင် စွန်းလွန်းခွဲရုံ မှ LDC ညွှန်ကြားချက်နှင့် အညီ လိုအပ်ချက်အရ တိုက်ရိုက်ပိတ်ရတဲ့ အခါများအတွက် နားလည်ပေးပါရန်.......