အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့် စပ်လျဥ်းသည့် ပညာပေးဟောပြောပွဲ ကျင်းပခြင်း

(၁၇.၇.၂၀၁၈) ရက်နေ့ နေ့လည် (၀၁:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ရတနာခန်းမ၌ ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဥ်းသည့် ပညာပေး ဟောပြောပွဲ’အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦး၀င်းခိုင် မှ အဖွင့်အမှာစကား ပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့၀င် ဦးဟန်ညွန့် မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပါသည်။ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး နှင့် ဌာနကြီးမှူးများ ၊ MESC , YESC မှ တာ၀န်ရှိသူများ နှင့် ခရိုင်အဆင့် တာ၀န်ရှိသူများ ၊ တိုင်း/ပြည်နယ်များမှ တိုင်း/ယာ ၊ ပြည်/ယာ များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။