
မြင်းခြံခရိုင် ၊ မြင်းခြံမြို့တွင် (၂၃.၇.၂၀၁၈) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၄:၄၅) နာရီ အထိ “လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ”အား UNITY ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ပြုလုပ်ကျင်းပရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ (၄၁၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ သိရှိလိုသော မေးမြန်းချက် များကို တာ၀န်ရှိသူများမှ ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ေ၀ပေးခဲ့ကြောင်း သတင်းရရှိပါသည်။