33/11kV, (10)MVA ထရန်စဖော်မာ အစားထိုးလဲလှယ်ပြီးစီးခြင်း

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြည်သူများဓာတ်အားပိုမိုသုံးစွဲနိုင်ရေးအတွက် ဝန်အားပြည့်ဖြစ်နေသော 33/11kV, (5)MVA မြို့မဓာတ်အားခွဲရုံရှိ 5MVA ထရန်စဖော်မာအား 33/11kV, 10MVA ထရန်စဖော်မာဖြင့် (၄.၉.၂၀၁၈)ရက်နေ့တွင် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မိတ္ထီလာခရိုင်မှ မန်နေဂျာ(အင်/ယာ)၊ ဦးယုမော်နှင့် Test Lab ဌာနမှ အင်ဂျင်နီယာများ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

                သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားပြည်‌့ဝစွာ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။