စိမ်းလန်းသာယာမှုဆုနှင့် သန့်ရှင်းသပ်ရပ်မှုဆုများ ချီးမြှင့်ခြင်း

မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ/ဓာတ်အားခွဲရုံများ၏ စိမ်းလန်းသာယာမှုဆုနှင့် သန့်ရှင်းသပ်ရပ်မှုဆုများ ချီးမြှင့်ခြင်း

မန္တလေး စက်တင်ဘာ ၂၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အုပ်ချုပ်မှုအောက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ / ဓာတ်အားခွဲရုံများအား စိမ်းလန်းသာယာမှုနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရန် အတွက် ဆောက်ရွက်ချက်ပေါ်မူတည်၍ ဆုချီးမြှင့်မည်ဖြစ်သည့်အတွက် တာဝန်ခံအရာရှိများ ၊ ဝန်ထမ်းများမှ အပြိုင်အဆိုင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

            ထိုသို့ဆောင်ရွက်ခြင်းသည် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့  မီးသုံးသူပြည်သူများမှ ရုံးကိစ္စဖြင့် လာ ရောက်ဆက်သွယ်ဆောင်ရွက်ရာတွင် စိတ်ချမ်းမြေ့မှုရှိစေရန် ၊ စိတ်ကြည်လင်လန်းဆန်းစေရန် ၊ ဝန်ထမ်းများ အထက်အောက် ယုံကြည်လေးစားမှုရှိစေရန် ၊ စည်းလုံးညီညွတ်မှုရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ဆုများပေးအပ်ရန်အတွက် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ ၊ ဓာတ်အားခွဲရုံများသို့  စစ်ဆေးရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ပြီး အမှတ်ပေးစည်းမျဉ်းများအတိုင်း ရမှတ်များ တွက်ချက်၍ ပေးအပ်မည်ဖြစ်ပါသည်။

ရရှိသော ရမှတ်များပေါ်မူတည်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး စိမ်းလန်းသာယာမှု ပထမဆုကို နွားထိုးကြီးမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ပူးတွဲဒုတိယဆုကို ရမည်းသင်း/​ကျောက်ဆည် မြို့နယ်လျှပ်စစ်မန်နေ ဂျာရုံး ၊ ပူးတွဲတတိယဆုကို ပုသိမ်ကြီး/ရန်အောင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ဓာတ်အားခွဲရုံစိမ်းလန်းသာယာမှု ပထမဆုကို ပဒေသာဓာတ်အားခွဲရုံ ၊ ပူးတွဲဒုတိယဆုကို ငှက္ကတောင်ဓာတ်အားခွဲရုံနှင့် ဝက်ကြီးအင်းဓာတ်အား ခွဲရုံ ၊ ပူးတွဲတတိယဆုကို ဆောင်ဆန်းဓာတ်အားခွဲရုံနှင့် တောင်ပြုံးဓာတ်အားခွဲရုံတို့မှ ရရှိပြီး  ဓာတ်အားခွဲရုံ သန့်ရှင်းသပ်ရပ်မှု ပထမဆုကို  ပဒေသာဓာတ်အားခွဲရုံ ၊ ဒုတိယဆုကို ငှက္ကတောင်ဓာတ်အားခွဲရုံ ၊ တတိယဆုကို အောင်ဆန်းဓာတ်အားခွဲရုံတို့မှ အသီးသီး ရရှိခဲ့ပြီး ဆုများကို (၂၈/၂၉.၉.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သော မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဒုတိယ(၃)လပတ် အစည်းအဝေး၌ ဥက္ကဌနှင့် တာဝန်ရှိသူတို့မှ ဆုရရှိသည့် တာဝန်ခံမြို့နယ်လျှပ်စစ်မန်နေဂျာ/ခရိုင်လျှပ်စစ်မန်နေဂျာတို့အား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။