လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ၂၀၁၈-၂၀၁၉(ခြောက်လပတ်) ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီးအတွင်း ကျောက်ပန်းတောင်း၊ စဉ့်ကူး၊ တကောင်းမြို့နယ်တို့တွင် မြို့ပြလုပ်ငန်း (Turnkey)(၃)ခုလုပ်ငန်းတို့အား တင်ဒါခေါ်ယူရန် အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ် အပ်ပါသည်-
စဉ် |
တင်ဒါအမှတ် |
လုပ်ငန်းအမည် |
(က) |
4-26 MES C/ 2018-2019 |
ကျောက်ပန်းတောင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝင်းအားခြံစည်းရိုးကာရံခြင်း(၁၀၅၅ပေ)ကာရံ ခြင်း(၅”-၅”ကွန်ကရစ်တိုင်၊၄-၁/၂”နံရံမြေပေါ်၂’၊M.S Flat & Bolt Nut နှင့် Chain Link) လုပ်ငန်း |
(ခ) |
4-27 MESC/2018-2019 |
စဉ့်ကူးမြို့နယ်လျှပ်စစ်ရုံးတွင်ရေတွင်းတစ်ခုနှင့်ရေစင်(၁)ခုတည်ဆောက်ခြင်းလုပ်ငန်း |
(ဂ) |
4-28MESC/2018-2019 |
တကောင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝင်းရှိရေပေးဝေရေးစနစ်အသုံးပြုရန်အတွက်ရေစုကန်၊ ရေစင်၊မော်တာ၊Compressor အပါအဝင်တည်ဆောက်ခြင်းလုပ်ငန်း |
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ( ၄.၇.၂၀၁၈ ) ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး (၁၀.၇.၂၀၁၈ ) ရက် (၁၄:၀၀) နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပါသည်။
၃။ တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း - ၀၂-၆၉၁၂၁,၀၂-၇၃၈၀၁