ညောင်ဦးမြို့တွင်းထနောင်းပင်ကျိုးကျရာမှ ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခြင်း

၂၅/၇/၂၀၁၈ ရက်နေ့ ၁၇ : ၁၀ အချိန်ခန့်တွင် ညောင်ဦးမြို့ ၊အမှတ်(၃)ရပ်ကွက် ၊အောင်မင်္ဂလာလမ်းအတွင်းရှိ လုံးပတ်တစ်ပေခန့်ရှိထနောင်းကိုင်းကျိုး ကျ၍၆၆/၁၁ကေဗွီ(၁၀)အမ်ဗွီအေမြို.မဓာတ်အားခွဲရုံမှဓာတ်အားဖြန်.ဖြူးပေးထားသော(၁၁)ကေဗွီ ညောင်ဦးဖီဒါ  ပေါ်သို့ ကျရောက် ၍ ၁၀မီတာ Tension ကွန်ကရစ်တိုင်ကျိုး ပြီးအမှတ်(၁)၊(၃)(၄)ရပ်ကွက်များ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသည်။ 

မြို့တွင်းနေပြည်သူများလျှပ်စစ်ဓာတ်အားအမြန် ပြန်လည်ရရှိနိုင်ရေးအတွက် ညောင်ဦး ခရိုင်နှင့်မြို့နယ်လျှပ်စစ် နှင့် လျှပ်စစ်မန်နေဂျာရုံးမှ၀န်ထမ်းများ နှင်. မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်း၍ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင်.ကွန်ကရစ်တိုင်လဲလှယ်ခြင်း လုပ်ငန်းများ ကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။