အထွေထွေအိမ်သုံး မီတာ ဝန်ဆောင်ခနှုန်းထား သတ်မှတ်ခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၅.၉.၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၅၈/(၁)/၇/သမ္မတရုံးဖြင့် ခွင့်ပြုချက်အရ ၁.၁၀.၂၀၁၃ ရက်နေ့မှ စတင်မီတာဖတ်ရှု့၍ ငွေတောင်းခံသည် ၉/၂၀၁၃ လ တောင်းခံငွေမှစ၍ ငွေတောင်းခံလွှာတွင် မီတာထိန်းသိမ်းစောင့်ရှောက်ခဟု ဖော်ပြသည့်အစား "မီတာဝန်ဆောင်ခ" (Service Charge) ဟု ပြင်ဆင်ဖော်ပြပြီး အောက်ပါနှုန်းများအတိုင်း စည်းကြပ် ကောက်ခံရန် သတ်မှတ်လိုက်သည် -

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ကောက်ခံမည်နှုန်းထားများ မီတာဝန်ဆောင်ခ (Servcie Charge)

 

 

စဉ် အိမ်သုံး/လုပ်ငန်းသုံး/ပါဝါမီတာ/ထရန်စဖော်မာမီတာ အမျိုးအစား မီတာဝန်ဆောင်ခနှုန်းထား
က တစ်သွင် (နှုန်းထားအားလုံး) ၅၀၀ ကျပ်
သုံးသွင် (နှုန်းထားအားလုံး) ၂၀၀၀ ကျပ်
စီတီမီတာ (တစ်လုံးတစ်ခဲတည်း၊ အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှု၊ ယာယီ)) ၅၀၀၀ ကျပ်