ကျေးရွာမီးလင်းရေး ထရန်စဖော်မာများ အတွက် ဓာတ်အားကောက်ခံမှု တပြေးညီဖြစ်စေရန် ကိစ္စ

လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျေးရွာများတွင် ကျေးရွာမီးလင်းရေးကော်မတီများဖြင့် ဆောင်ရွက်လျက်ရှိရာ ဓာတ်အားခကောက်ခံမှု အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ဓာတ်အားခကောက်ခံမှု တပြေးညီဖြစ်စေရေးအတွက် ၁.၄.၂၀၁၂ ရက်နေ့တွင်ဖက်ရှု့မည့် သုံးစွဲယူနစ်များမှစ၍ လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်မြို့တော်လျှစ်စစ် ဓာတ်အားပေးရေးအဖွဲ့တို့တွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ၂၈.၃.၂၀၁၂ ရက်နေ့တွင် ပြုလုပ်သောအမှတ် (၂) လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၁၂/၂၀၁၂ ကြိမ်မြောက် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါသည် -

 

(က)    ကျေးရွာများ၌ ထရန်စဖော်မာတပ်ဆင်၍ ဓာတ်အားခကောက်ခံရာတွင် အိမ်သုံးမီတာများ မတပ်ဆင်နိုင်မီကာလ၌ ထရန်စဖော်မာရှိ မိန်းမီတာမှ ဖတ်ယူရရှိသော ယူနစ်အတိုင်း၊ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ဖြင့်သာကောက်ခံရန်၊ ထရန်စဖော်မာ Losses ၁၀% ပေါင်းခြင်း၊ မြင်းကောင်ရေကြေးတောင်းခံခြင်း မပြုရန်။

 

(ခ)    ကျေးရွာအတွင်းရှိ ဓာတ်အားသုံးစွဲသူအားလုံး၏ အိမ်များတွင် အိမ်သုံးမီတာများ အားလုံးတပ်ဆင်ပြီးစီးပြီးဖြစ်ပါက တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့်ကောက်ခံရန်၊ လုပ်ငန်းသုံးပါဝါမီတာ တပ်ဆင်ထားခြင်း၊ အိမ်သုံးမီတာနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းတို့အတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံရန်၊ Check Meter ပြယူနစ်နှင့် ကျေးရွာအတွင်းရှိ မီတာများမှ ဖတ်ယူရရှိသော ယူနစ်စုစုပေါင်းတို့၏ ကွာခြားချက်သည် ၁၀% မကျော်ပါက ကွာခြားယူနစ်အတွက် ဌာနကကျခံရန်၊ ကွာခြားယူနစ် ၁၀% ထက်ကျော်ပါက ၁၀% ထက်ကျော်သော ယူနစ်များအတွက် ကျေးရွာမီးလင်းရေး ကော်မတီမှ တောင်းခံရန်။

မန္တလေးလျှစ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း